ဇင်ယော်ငှက်

ဇင်ယော်ငှက် လေအဟုန်ကို ဝဲပျံ အဆန်မှာ သူရုန်း အစုန်မှာ သူငြမ့် ဒီသောင်ယံ တစ်ခါခို ဟိုသောင်ယံ တစ်ခါနား ပျံပေအုံးတော့ မိုးထက်အာကာ သွားပေအုံးတော့ မိရင်ခွင် ရာသီတစ်ခါလှည့် ကြုံရာသီ တစ်ခါစောင့်လို့ ငါ့ဆီပြန်လာဖို့ ရွှန်းစိုမျက်ဝန်း မော့ကာမျှော်မိ အာကာမိုးမြင့်။။။။။

Wednesday, May 30, 2012

တစ်ချိန်တုံးက တန်ဆောင်တိုင်ပွဲ

သီတင်းကျွတ်ပွဲတော်ကြီး...  ပြီးပြန်တော့ ...တန်ဆောင်မုန်း တန်ဆောင်တိုင်...   ဆီမီးကမြိုင်   မသိုးအလှ ယှက်သက္ကင်္န်း နဲ့ ရွှေတိဂုံကုန်းတော် မြိုင်မြိုင်ဆိုင်ဆိုင်........


 
      (ငယ်ငယ်တုံးက ဆိုပေမဲ့ နည်နည်တော့ကြီးပါပြီး) အဖွားတွေဆီကို နွေရာသီကျောင်ပိတ်ရက်တိုင်း သွားနေရတယ်လေ  အဖွားတွေခြံက သိပ်မကျယ်ပေမဲ ခြံထဲမှာ ကွပ်ပစ် အကြီးကြီးရှိတယ် မိသားစု့ စု့ပေါင်းထိုင်မယ်ဆိုရင်တောင် ဆယ်ယောက်လောက် ကောင်းကောင်းထိုင်လို့ ရတဲ့ကွပ်ပစ်ပါ။ အဖိုးက လက်သမားဆရာဆိုတော့ သူစိတ်ကြိုက် လုပ်ထားတာလေ  ကျနောတို့မြေးတွေ လာရင်နေ့လည် နေ့ခင်းနားနားနေနေ အိပ်ဖို့  နဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုရင်လည်း ညပိုင်းပူတော့ ခြံထဲမှာဆင်းထိုင်ဖို အတွက်ပါ။

      ကျနော်တို့ ညီအစ်ကိုမောင်နှမတွေက တန်ဆောင်မုန်းလဆိုရင် လှည်းကူးက အဖိုးအဖွားတွေဆီကို ကန်တောဖို့ သွားကြတယ်လေ အဲဒိအချိန်က လှည်းကူးမြို့မှာ နှစ်ကျိုတ်ရှစ်ဆူ ဘုရာလှည့်တဲ့လပေါ့ ဘုရားလှည့်တာက တန်ဆောင်မုန်း လပြည်ကျော် တစ်ရက်နေ့ ကျနောတို့က ခလေးတွေမြေးတွေက လပြည်နေ့ မတိုင်ခင်ကတည်းက ကြိုပြီးရောက်နှင့်နေပြီးလေ ကျောင်းပိတ်ထားတော့ ပျော်တာပေါ့နော် အဖွားကလည်း ကျနောတို့ ရောက်မယ်ဆိုတာ သိပြီးသားဆိုတော့ ကျနောတို့အတွက် အိပ်ဖို့နေရာ နေ့လည်နေ့ခင်းကစားဖို့ စားဖို စီးစဉ်ပေးထားပြီးသား အဖွားက မုန်ဟင်းခါးချက်တာ အရမ်းတော်တယ် အဖွားရဲ့ လက်ရာကို အမေကမှီအောင်ချက်နိုင်တယ်။

ကျနောက မုန်ဟင်ခါးဆိုရင် ထမင်းလွတ်စားတက်တော့ အဖွားက ကျနောတို့ ညီအစ်ကိုတွေရောက်မဲ့နေ့ဆိုရင် မီးဖိုချောင်မှာ အလုပ်ရှူပ်နေပြီပေါ့ တစ်ခါတလေ အမေက ကျနောတို့ညီအကိုနှစ်ယောက်ကို လိုက်ပို့ရင် အဖွားနဲ့ အတူတူဟင်ချက်ပေးရတာလေ အမေက အဖွားကို ယောက္ခမ ပေမဲ့အမေအရင်း တစ်ယောက်လို ရိုသေတယ် အဖွားရေချိုးပြီးရင်အမေက အဖွားအတွက်သနပ်ခါးသွေးပေးပြီးသား အဖွားအဝတ် တွေကိုလည်း ဒိုင်ခံလျှော်ပေးတယ် ဒါငယ်ငယ်က ကျနောမှတ်မိတာပါ။

           တနေကုန်မုန်စားလိုက် ကစားလိုက်နဲ ကျနောတို့ညီအစ်ကိုတွေဟာ ညရောက်တော့လည်း ဦးလေးတွေ လမ်းလျှောက်ထွက်ရင်  လိုက်ချင်တာပေါ့ ညနေဆိုရင် လှည်ကူးတစ်မြို့လုံး စည်တာ လူတွေ အချင်းချင်း တိုးဝှေနေရတာနဲ့ကိုပျော်နေတာ နောက် ရန်ပုံငွေဈေးရောင်ပွဲတွေ ကလည်း ဘူးသီးကြော်ကို မီခိုးတွေ အူထနေအောင် ကြော်ရောင်းတာ၊အပြင်မှာ တစ်ပွဲကို နှစ်ကျပ်ခွဲ ဆိုရင် သူတို့က ငါးကျပ်နဲ ရောင်းတာဆိုတော့ အဖွားက တပြစ်တောက်တောက်နဲ့ ပြောတယ်။
              စင်တင်တေးသရုပ်ဖော်တွေ မှတ်မိသေးတယ် သီချင်းတစ်ပုဒ် အဆိုတော်က ခလေးနာမည်တွေမေးပြီး ကြီးလာရင် ဘာလုပ်မလဲ မေးတဲ့သီချင်း အဲမှာ မွတ်တာကြီး ကြီးလာရင်ဘာလုပ်မလဲ လို့မေးတာကို ဝဝ တုတ်တုတ် ခလေးတစ်ယောက်က ထွက်လာပြီး ဂလိုင်လေးခေါက်ကာရယ် နို့အေးချောင်ရောင်းချင်တယ်..... ဆိုတာပါတယ် လူတွေ တဝါးဝါနဲ့ပေါ့ ကျနောက မပျော်နိုင်ဘူးလေ ဦလေးတွေက စတာပေါ့ အဲတုံက ကျနောက တအား ဝတော့ မွတ်တားလို အိမ်ကခေါ်ကြတာကိုး။
              ကျနောတို့ ခလေးတွေအတွက် ဝါးကို မြွေရုပ် ဖြစ်အောင် တွန့်အောင်လုပ်ပြီး မီနဲ့ ဆေးခြယ်ထားတဲ့ မြွေရုပ်၊ ကျန်စစ်သားဓါး၊ ၊ စက္ကူနဲ့ လုပ်ထားတဲ့ ဗန္ဓူလ ဦးထုတ်၊  ခြားရဟတ်တွေ ကစားစရာတွေကလည်း လမ်ဘေးမှာစုံလို့ပေါ။
             နောက် လမ်းဘေးမှာမီးဖို ဖိုပြီးသံချောင် အရှည်နှစ်ချောင်းနဲ့ မီးပူမှာ ဘယ်ညာလှန်ပြီးကင်ရင်းကင်ရင်းနဲ့ အကြီးကြီးဖြစ်လာတဲ့ မုန်လေပွေလို့ခေါ်တဲ့ မုန်ကို စားချင်တာထက် ထိုင်ကြည်ရတာ အရသာရှိလို့ ဦးလေးတွေ အဒေါ်တွေကို ပူဆာပြီး ဝယ်ခိုင်ရတာအမော၊
             လှည်းကူးရောက်တိုင်း ဝယ်စားတက်တဲ့ မုန်ပေါင်း၊ ဆန်နဲ့ကောက်ညှင်းရောထာတဲ့ မုန်ရည်ကို ခဲအောင်လုပ်ပြီး၊ အမှုတ်ရအောင် ခရုခွံနဲ့ ခြစ် မြေအိုးသေးသေးလေးနဲ့ ထည်ထားတဲ့ရေနွေးငွေ ထွက်ရုံ အပေါက်ဖေါက်ထာတဲ့ မြေစလောင်ဖုန်းပေါ်က ပိတ်စိမ်းပါးဖြူဖြူပေါ်တင် အုန်းယိုချိုချိုလေးကို အလယ်မှာ ထာပနာထားပြီးပေါင်းရတဲ့မုန့်၊ အဲဒိအမှုတ်ကိုဘဲ သံဒယ်အိုး ပတ်ပတ်ပေါ် သံဇကာ လေးထောင့်လေးနဲ့ လေးထောင့်ပုံဇကာချပြီး အောက်ကအပှူကြောင့် မုန်ပြားပြားပါးပါးဖြူဖြူလေးရတော့ အုန်းယိုကို အလယ်ကထား ဘယ်ညာခေါက် အထုတ်လေး လှလှလေးထုတ်ပြီး စားရတဲ့မုန့် တွေက ကျနော့အကြိုက်ဆုံပေါ့၊ အဲဒိမုန်ရဖို့ အကြာကြီးထိုင်စောင့်ရတော့ ဈေးတောင်ဖေးမှ ငုတ်တုတ်ထိုင်ပြီး ငေးရတာအရသာအရှိဆုံးပဲ။
 ကောက်ညှင်းကျည်ထောက်ကတော့ တအိမ်လုံး စားတဲ့အစားအစာပေါ့။ ဈေးသယ်တွေက တောဖက်ကလာရောင်းတော့ သူတို့က ဈေးးရောင်းရင်နဲ့ ဆေးလိပ်တိုကြီးဖွာပြီး ဈေးထိုင်ရောင်တော့ လူတွေက သတိမထားမိကြဘူးလေ တစ်ခါတလေ လမ်းအလယ် လူသွားလမ်းအလယ်မှာ ထိုင်ရောင်းတာ ကိုယ်က ကလေးဆိုတော့ လမ်းဘေးဝဲယာကို ငေးပြီးလူကြီးတွေ နောက်လိုက်ရတော့ ဈေးဘန်းပေါ် တက်နင်မိလို့ လျော်ရဖူးတယ်။

         သုံးကာပေါင်းမိုးလင်းဆိုတဲ့ ပိတ်ကားထောင်ပြီးပြတဲ့ ရှပ်ရှင်တွေက ငါးထပ်ကြီးဘုရာဝင်းထဲမှာ ပြတက်သလို အောင်မင်္ဂလာ ရပ်ကွက်ထဲက အောင်မင်္ဂလာဘုန်ကြီးကျောင်မှာလည်း ဘုရာပွဲတိုင်း ကြည့်ဖူးခဲ့တယ်လေ အဲတုံးက ကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်း၊ စံရှားတင်၊ ချိုပြုံး၊ ခင်သီတာထွန်း၊ နွဲနွဲမှူ၊ တင်နီလာကျော်ဝင်း၊ တို့ခောတ်ပေါ့ အီကွေတာမှပွင့်တဲ့ရွှေကြာ၊ စံအိမ်ကိုစိန်နှင့်မွန်းပါမယ်၊ နှလုံသားမြိုတော်၊ လွမ်းနေမယ်မမ၊ ဩော်မိန်မ စတဲ့ ကားတွေပေါ့ ကျနော့က ကြည့်ရင် အိပ်ငိုက်တာဆိုတော့ အိမ်ပြန်မယ်ဆိုရင် ဖိနပ်ရှာမတွေတာများတယ်လေ။ မြေကြီးပေါ် ဖိနပ်ခုပြီး ထိုင်ရတာဆိုတော့ သတိမထားမိတော့ဘူးပေါ့၊ အဲတုံကဖိနပ်က ငါးသုံးလုံး သားရေဖိနပ်တွေဘဲ ဈေးပေါပေါ ရှိတယ်လေ အိမ်ပြန်ရောက်ရင် အဖွားက ဖိနပ်ဝယ်ပေးရတော့ပွစိပွစိပေါ့။

         ဇာက်ပွဲတွေကတော့ ရိပ်သာဘုရားဝင်းထဲမှာ မန္တလေးသိန်ဇော်၊ ဘီအီးဒီအောင်သိုက်၊ စိန်မာဒင်သားမိုးဝင်း၊ နောက်ဝင်းဦးနဲ့ တူတဲ့သာဂိဇာက် အဲဇာက်မှာ အမျိုးတွေတောင်ပါလိုက်သေးတယ် ပြီးတော့ ကျော်ဟိန်နဲ့ တူတဲ့ချစ်ဖွယ် မြို့တော်ချစ်ဖွယ်ဇာက်၊ ပုလင်စိန်ဖန်ခွက်စိန်၊ အုံးလက်စိန်တွေ အုံမုတ်စိန် ဆိုတာတွေလည်းရှိသေးတယ်။

         အဲဒါတွေက ပိုက်ဆံပေးပြီးကြည့်ရတာလေ ပိုက်ဆံပေးစရာမလိုဘဲ ကြည်လို့ရတဲ့ ဇာက်ကတော့ မြေဝိုင်းဇာက်ဆိုတာရှိသေးတယ် တစ်ခါတလေမှတွေ့မိတာပါ အဖြစ်လောက်ပဲလုပ်ကြတာလေ လုပ်တဲ့သူတွေက ရန်ကုန်နဲ့ လှည်းကူးကိုဆွဲတဲ့ ကားဆရာတွေ ကားအုံနာတွေ စပါယ်ရာတွေ စုပေါင်းလုပ်ကြတာများတယ်။
(ရန်ကုန် နဲ့ လှည်ကူးကို ဆွဲတဲ့ လူလည်းစီး ကုန်လည်းတင်တဲ့ ကာတွေ စစ်တွင်က လက်ကျန် ချက်ပလပ်ကားတွေပါ သစ်သားအိမ်ကြီးတွေက မြန်မာဆန်ဆန် ဆိုတော့ စစ်ပြီးမြန်မာနိုင်ငံရဲ့ အမှတ်သင်္ကတ တစ်ခုဆိုလည်မမှားဘူပေါ့။ )
      ကားပေါ်မှာ ဆိုင်းတွေ မင်သား၊ မင်သ္မီား  လုပ်မည်သူတွေ စုပေါင်ပြီး မြိုထဲ က သူဌေးအိမ်တွေ ဖိတ်ကြားထားတဲ့ အိမ်တွေရှေ့ မြေကွပ်လပ်မှာ ကားကြီးကိုရပ်ပြီး မင်သ္မီား၊ မင်သာတွေက ဇာက်အဝတ် အစားတွေနဲ့  နှစ်ပါးသွားတွေ တစ်ခန်ရပ်ဟာသလေးတွေ လုပ်ပြီး မြေကြီးပေါ်မှာ ဇာက်ထုတ်ခင်းပြီး ဆိုကြ ပြောကြရတာပါ။ တချို့ အိမ်က လျှပ်စစ်မီးထွန်းပြီး ကကြသလို လက်ဆွဲ အောက်လင်းမီးအိမ်ကြီးတွေ ထွန်းပြီး ကတာကိုလည်တွေခဲ့ဖူးတယ်လေ။


ဆက်ရန်၊

--
ရွှင်လန်ချမ်းမြေ့ပါစေ....
ခင်မင်ရင်းနှီးစွာဖြင့် ကိုသက်

No comments:

Post a Comment