ဇင်ယော်ငှက်

ဇင်ယော်ငှက် လေအဟုန်ကို ဝဲပျံ အဆန်မှာ သူရုန်း အစုန်မှာ သူငြမ့် ဒီသောင်ယံ တစ်ခါခို ဟိုသောင်ယံ တစ်ခါနား ပျံပေအုံးတော့ မိုးထက်အာကာ သွားပေအုံးတော့ မိရင်ခွင် ရာသီတစ်ခါလှည့် ကြုံရာသီ တစ်ခါစောင့်လို့ ငါ့ဆီပြန်လာဖို့ ရွှန်းစိုမျက်ဝန်း မော့ကာမျှော်မိ အာကာမိုးမြင့်။။။။။

Wednesday, May 30, 2012

တစ်ယောက်သောညီသို့ ပြန်စာ by email

ကိုသက်
11/07/2011


စာပို့ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျနော့ ဘဝမှာ မျှော်လင့်ချက်မဲ့ နေခဲ့တာ အခုချိန်ထိ မရှိသေးဘူလို့ ထင်ခဲ့တယ်။
နောက်ဘဝကိုလည်း မတွယ်တာ ခဲ့ပါဘူး အခုချိန်ထိ ဘယ်အရာကိုမှ တမ်းတစွဲလန်း
ခဲ့တာမရှိသေးပါဘူး။ နှစ်ပေါင်များစွာတွဲ ခဲ့တဲ့ ရည်စားကိုတောင်မှ
တစ်ခါတလေ မေ့နေတက်ပါတယ်။
ဒီလိုပြောလို ကျနောက ရွက်ကျပင် ပါလိုတော့ မထင်လိုက်ပါနဲ့ ရောက်ရာအရပ်မှာ
သူများထက် သာအောင်တော့ အနည်ဆုံးကြိုးစားတယ် ဒါကြောင့် ရောက်ရာအရပ်မှာ
ကျနော့နာမည် ကောင်းတော့ ကျန်ခဲ့တာများတယ်...တခြား လူတွေ အမြင်မှာတော့
ဆိုးချင်ဆိုးနေမှာပေါ့။
 ကျနော့မှာ ထွက်ပေါက် မရှိသလိုမျိုး ခံစာချက် တစ်ခါမှ မခံစားဖူးသေးဘူး။
မျှောလင့်ချက်ဆိုတာ ကျနော့အတွက် မနက်ဖြန်ဘဲ ဖြစ်မယ် ရေရှည်ကို အများကြီး
မမျှော်မှန်ထားဘူးလေ တကယ့်ကို  တိုတောင်းတဲ့ ဘဝလေးထဲမှာ ကျနော်တို့ ဟာပျော်ရွှင်မူ့ ချမ်းမြေ့သာယာမူ့  စတာတွေကို ကိုယ်တိုင်ရှာဖွေပြီး
ပျော်ရွှင်အောင် ကျင့်ကြံ နေထိုင်နိုင်ရင် စိတ်သောကဖြစ်စရာ၊ ဒုက္ခနွံထဲ
မြောနေစရာမလိုပါဘူး ရောင်ရဲတင်းတိမ်နိုင်ဖို့က အဓိကပါ။
 ဘယ်နေရာ မှာဘဲဖြစ်ဖြစ် စေတနာ၊ အနစ်နာ၊ ဝါသနာ ဟာ အရင်ခံပါတယ်
လူတိုင်းမှာစေတနာရှိပါတယ်၊ ဝါသနာလည်းရှိပါတယ်၊ အနစ်နာလည်း ခံတက်ကြပါတယ်၊
ဒါပေမဲ့ အဲဒိနာ၃နာကို နေရာမှန်မှန် အသုံးချတက်ရင် ပျော်ရွှင်တဲ့ ဘဝကို
ပိုင်ဆိုင်ကြမှာပါ။
 မျှော်လင့်ချက်နဲ့ အသက်ရှင်ပါဆိုတာ မှန်ပါတယ် ဒါပေမဲ့
အဲဒိမျှော်လင့်ချက်က ဘာလဲ ဘာကိုဦးတည်နေတာလဲဆိုတာ လည်သိထာဖို့ လိုပါတယ်။
  စိတ်ရဲ့ စေ့ဆော်မူ့၊ မြင်တွေကြားသိရမူ့၊ ထိတွေ ခံစားမှူ့ တွေကနေ
ပျော်ရွှင်ခြင် မပျော်ရွှင်ခြင်း စိတ်ချမ်းမြေ့ ခြင်း သာယာခြင်း မသာယာခြင်း
တွေကို ခံစားရတာပါ။
 အကောင်းဆုံးကတော့ ကိုယ့် (စိတ်၊ ကိုယ်၊ နှုတ်၊) ၃ပါးကြောင့် သူတပါး
မနစ်နာအောင် ပြုမူနေထိုင်ခြင်းဟာ လူသားတိုင်းရဲ့ တာဝန်ပါ။

                 ကိုသက် Damansara
                 12း43 AM (11.7.2011)

No comments:

Post a Comment