ဇင်ယော်ငှက်

ဇင်ယော်ငှက် လေအဟုန်ကို ဝဲပျံ အဆန်မှာ သူရုန်း အစုန်မှာ သူငြမ့် ဒီသောင်ယံ တစ်ခါခို ဟိုသောင်ယံ တစ်ခါနား ပျံပေအုံးတော့ မိုးထက်အာကာ သွားပေအုံးတော့ မိရင်ခွင် ရာသီတစ်ခါလှည့် ကြုံရာသီ တစ်ခါစောင့်လို့ ငါ့ဆီပြန်လာဖို့ ရွှန်းစိုမျက်ဝန်း မော့ကာမျှော်မိ အာကာမိုးမြင့်။။။။။

Wednesday, May 30, 2012

တစ်ချိန်တုံးက တန်ဆောင်တိုင်ပွဲ

သီတင်းကျွတ်ပွဲတော်ကြီး...  ပြီးပြန်တော့ ...တန်ဆောင်မုန်း တန်ဆောင်တိုင်...   ဆီမီးကမြိုင်   မသိုးအလှ ယှက်သက္ကင်္န်း နဲ့ ရွှေတိဂုံကုန်းတော် မြိုင်မြိုင်ဆိုင်ဆိုင်........


 
      (ငယ်ငယ်တုံးက ဆိုပေမဲ့ နည်နည်တော့ကြီးပါပြီး) အဖွားတွေဆီကို နွေရာသီကျောင်ပိတ်ရက်တိုင်း သွားနေရတယ်လေ  အဖွားတွေခြံက သိပ်မကျယ်ပေမဲ ခြံထဲမှာ ကွပ်ပစ် အကြီးကြီးရှိတယ် မိသားစု့ စု့ပေါင်းထိုင်မယ်ဆိုရင်တောင် ဆယ်ယောက်လောက် ကောင်းကောင်းထိုင်လို့ ရတဲ့ကွပ်ပစ်ပါ။ အဖိုးက လက်သမားဆရာဆိုတော့ သူစိတ်ကြိုက် လုပ်ထားတာလေ  ကျနောတို့မြေးတွေ လာရင်နေ့လည် နေ့ခင်းနားနားနေနေ အိပ်ဖို့  နဲ့ သီတင်းကျွတ်၊ တန်ဆောင်မုန်းဆိုရင်လည်း ညပိုင်းပူတော့ ခြံထဲမှာဆင်းထိုင်ဖို အတွက်ပါ။

      ကျနော်တို့ ညီအစ်ကိုမောင်နှမတွေက တန်ဆောင်မုန်းလဆိုရင် လှည်းကူးက အဖိုးအဖွားတွေဆီကို ကန်တောဖို့ သွားကြတယ်လေ အဲဒိအချိန်က လှည်းကူးမြို့မှာ နှစ်ကျိုတ်ရှစ်ဆူ ဘုရာလှည့်တဲ့လပေါ့ ဘုရားလှည့်တာက တန်ဆောင်မုန်း လပြည်ကျော် တစ်ရက်နေ့ ကျနောတို့က ခလေးတွေမြေးတွေက လပြည်နေ့ မတိုင်ခင်ကတည်းက ကြိုပြီးရောက်နှင့်နေပြီးလေ ကျောင်းပိတ်ထားတော့ ပျော်တာပေါ့နော် အဖွားကလည်း ကျနောတို့ ရောက်မယ်ဆိုတာ သိပြီးသားဆိုတော့ ကျနောတို့အတွက် အိပ်ဖို့နေရာ နေ့လည်နေ့ခင်းကစားဖို့ စားဖို စီးစဉ်ပေးထားပြီးသား အဖွားက မုန်ဟင်းခါးချက်တာ အရမ်းတော်တယ် အဖွားရဲ့ လက်ရာကို အမေကမှီအောင်ချက်နိုင်တယ်။

ကျနောက မုန်ဟင်ခါးဆိုရင် ထမင်းလွတ်စားတက်တော့ အဖွားက ကျနောတို့ ညီအစ်ကိုတွေရောက်မဲ့နေ့ဆိုရင် မီးဖိုချောင်မှာ အလုပ်ရှူပ်နေပြီပေါ့ တစ်ခါတလေ အမေက ကျနောတို့ညီအကိုနှစ်ယောက်ကို လိုက်ပို့ရင် အဖွားနဲ့ အတူတူဟင်ချက်ပေးရတာလေ အမေက အဖွားကို ယောက္ခမ ပေမဲ့အမေအရင်း တစ်ယောက်လို ရိုသေတယ် အဖွားရေချိုးပြီးရင်အမေက အဖွားအတွက်သနပ်ခါးသွေးပေးပြီးသား အဖွားအဝတ် တွေကိုလည်း ဒိုင်ခံလျှော်ပေးတယ် ဒါငယ်ငယ်က ကျနောမှတ်မိတာပါ။

           တနေကုန်မုန်စားလိုက် ကစားလိုက်နဲ ကျနောတို့ညီအစ်ကိုတွေဟာ ညရောက်တော့လည်း ဦးလေးတွေ လမ်းလျှောက်ထွက်ရင်  လိုက်ချင်တာပေါ့ ညနေဆိုရင် လှည်ကူးတစ်မြို့လုံး စည်တာ လူတွေ အချင်းချင်း တိုးဝှေနေရတာနဲ့ကိုပျော်နေတာ နောက် ရန်ပုံငွေဈေးရောင်ပွဲတွေ ကလည်း ဘူးသီးကြော်ကို မီခိုးတွေ အူထနေအောင် ကြော်ရောင်းတာ၊အပြင်မှာ တစ်ပွဲကို နှစ်ကျပ်ခွဲ ဆိုရင် သူတို့က ငါးကျပ်နဲ ရောင်းတာဆိုတော့ အဖွားက တပြစ်တောက်တောက်နဲ့ ပြောတယ်။
              စင်တင်တေးသရုပ်ဖော်တွေ မှတ်မိသေးတယ် သီချင်းတစ်ပုဒ် အဆိုတော်က ခလေးနာမည်တွေမေးပြီး ကြီးလာရင် ဘာလုပ်မလဲ မေးတဲ့သီချင်း အဲမှာ မွတ်တာကြီး ကြီးလာရင်ဘာလုပ်မလဲ လို့မေးတာကို ဝဝ တုတ်တုတ် ခလေးတစ်ယောက်က ထွက်လာပြီး ဂလိုင်လေးခေါက်ကာရယ် နို့အေးချောင်ရောင်းချင်တယ်..... ဆိုတာပါတယ် လူတွေ တဝါးဝါနဲ့ပေါ့ ကျနောက မပျော်နိုင်ဘူးလေ ဦလေးတွေက စတာပေါ့ အဲတုံက ကျနောက တအား ဝတော့ မွတ်တားလို အိမ်ကခေါ်ကြတာကိုး။
              ကျနောတို့ ခလေးတွေအတွက် ဝါးကို မြွေရုပ် ဖြစ်အောင် တွန့်အောင်လုပ်ပြီး မီနဲ့ ဆေးခြယ်ထားတဲ့ မြွေရုပ်၊ ကျန်စစ်သားဓါး၊ ၊ စက္ကူနဲ့ လုပ်ထားတဲ့ ဗန္ဓူလ ဦးထုတ်၊  ခြားရဟတ်တွေ ကစားစရာတွေကလည်း လမ်ဘေးမှာစုံလို့ပေါ။
             နောက် လမ်းဘေးမှာမီးဖို ဖိုပြီးသံချောင် အရှည်နှစ်ချောင်းနဲ့ မီးပူမှာ ဘယ်ညာလှန်ပြီးကင်ရင်းကင်ရင်းနဲ့ အကြီးကြီးဖြစ်လာတဲ့ မုန်လေပွေလို့ခေါ်တဲ့ မုန်ကို စားချင်တာထက် ထိုင်ကြည်ရတာ အရသာရှိလို့ ဦးလေးတွေ အဒေါ်တွေကို ပူဆာပြီး ဝယ်ခိုင်ရတာအမော၊
             လှည်းကူးရောက်တိုင်း ဝယ်စားတက်တဲ့ မုန်ပေါင်း၊ ဆန်နဲ့ကောက်ညှင်းရောထာတဲ့ မုန်ရည်ကို ခဲအောင်လုပ်ပြီး၊ အမှုတ်ရအောင် ခရုခွံနဲ့ ခြစ် မြေအိုးသေးသေးလေးနဲ့ ထည်ထားတဲ့ရေနွေးငွေ ထွက်ရုံ အပေါက်ဖေါက်ထာတဲ့ မြေစလောင်ဖုန်းပေါ်က ပိတ်စိမ်းပါးဖြူဖြူပေါ်တင် အုန်းယိုချိုချိုလေးကို အလယ်မှာ ထာပနာထားပြီးပေါင်းရတဲ့မုန့်၊ အဲဒိအမှုတ်ကိုဘဲ သံဒယ်အိုး ပတ်ပတ်ပေါ် သံဇကာ လေးထောင့်လေးနဲ့ လေးထောင့်ပုံဇကာချပြီး အောက်ကအပှူကြောင့် မုန်ပြားပြားပါးပါးဖြူဖြူလေးရတော့ အုန်းယိုကို အလယ်ကထား ဘယ်ညာခေါက် အထုတ်လေး လှလှလေးထုတ်ပြီး စားရတဲ့မုန့် တွေက ကျနော့အကြိုက်ဆုံပေါ့၊ အဲဒိမုန်ရဖို့ အကြာကြီးထိုင်စောင့်ရတော့ ဈေးတောင်ဖေးမှ ငုတ်တုတ်ထိုင်ပြီး ငေးရတာအရသာအရှိဆုံးပဲ။
 ကောက်ညှင်းကျည်ထောက်ကတော့ တအိမ်လုံး စားတဲ့အစားအစာပေါ့။ ဈေးသယ်တွေက တောဖက်ကလာရောင်းတော့ သူတို့က ဈေးးရောင်းရင်နဲ့ ဆေးလိပ်တိုကြီးဖွာပြီး ဈေးထိုင်ရောင်တော့ လူတွေက သတိမထားမိကြဘူးလေ တစ်ခါတလေ လမ်းအလယ် လူသွားလမ်းအလယ်မှာ ထိုင်ရောင်းတာ ကိုယ်က ကလေးဆိုတော့ လမ်းဘေးဝဲယာကို ငေးပြီးလူကြီးတွေ နောက်လိုက်ရတော့ ဈေးဘန်းပေါ် တက်နင်မိလို့ လျော်ရဖူးတယ်။

         သုံးကာပေါင်းမိုးလင်းဆိုတဲ့ ပိတ်ကားထောင်ပြီးပြတဲ့ ရှပ်ရှင်တွေက ငါးထပ်ကြီးဘုရာဝင်းထဲမှာ ပြတက်သလို အောင်မင်္ဂလာ ရပ်ကွက်ထဲက အောင်မင်္ဂလာဘုန်ကြီးကျောင်မှာလည်း ဘုရာပွဲတိုင်း ကြည့်ဖူးခဲ့တယ်လေ အဲတုံးက ကောလိပ်ဂျင်နေဝင်း၊ ကျော်ဟိန်း၊ စံရှားတင်၊ ချိုပြုံး၊ ခင်သီတာထွန်း၊ နွဲနွဲမှူ၊ တင်နီလာကျော်ဝင်း၊ တို့ခောတ်ပေါ့ အီကွေတာမှပွင့်တဲ့ရွှေကြာ၊ စံအိမ်ကိုစိန်နှင့်မွန်းပါမယ်၊ နှလုံသားမြိုတော်၊ လွမ်းနေမယ်မမ၊ ဩော်မိန်မ စတဲ့ ကားတွေပေါ့ ကျနော့က ကြည့်ရင် အိပ်ငိုက်တာဆိုတော့ အိမ်ပြန်မယ်ဆိုရင် ဖိနပ်ရှာမတွေတာများတယ်လေ။ မြေကြီးပေါ် ဖိနပ်ခုပြီး ထိုင်ရတာဆိုတော့ သတိမထားမိတော့ဘူးပေါ့၊ အဲတုံကဖိနပ်က ငါးသုံးလုံး သားရေဖိနပ်တွေဘဲ ဈေးပေါပေါ ရှိတယ်လေ အိမ်ပြန်ရောက်ရင် အဖွားက ဖိနပ်ဝယ်ပေးရတော့ပွစိပွစိပေါ့။

         ဇာက်ပွဲတွေကတော့ ရိပ်သာဘုရားဝင်းထဲမှာ မန္တလေးသိန်ဇော်၊ ဘီအီးဒီအောင်သိုက်၊ စိန်မာဒင်သားမိုးဝင်း၊ နောက်ဝင်းဦးနဲ့ တူတဲ့သာဂိဇာက် အဲဇာက်မှာ အမျိုးတွေတောင်ပါလိုက်သေးတယ် ပြီးတော့ ကျော်ဟိန်နဲ့ တူတဲ့ချစ်ဖွယ် မြို့တော်ချစ်ဖွယ်ဇာက်၊ ပုလင်စိန်ဖန်ခွက်စိန်၊ အုံးလက်စိန်တွေ အုံမုတ်စိန် ဆိုတာတွေလည်းရှိသေးတယ်။

         အဲဒါတွေက ပိုက်ဆံပေးပြီးကြည့်ရတာလေ ပိုက်ဆံပေးစရာမလိုဘဲ ကြည်လို့ရတဲ့ ဇာက်ကတော့ မြေဝိုင်းဇာက်ဆိုတာရှိသေးတယ် တစ်ခါတလေမှတွေ့မိတာပါ အဖြစ်လောက်ပဲလုပ်ကြတာလေ လုပ်တဲ့သူတွေက ရန်ကုန်နဲ့ လှည်းကူးကိုဆွဲတဲ့ ကားဆရာတွေ ကားအုံနာတွေ စပါယ်ရာတွေ စုပေါင်းလုပ်ကြတာများတယ်။
(ရန်ကုန် နဲ့ လှည်ကူးကို ဆွဲတဲ့ လူလည်းစီး ကုန်လည်းတင်တဲ့ ကာတွေ စစ်တွင်က လက်ကျန် ချက်ပလပ်ကားတွေပါ သစ်သားအိမ်ကြီးတွေက မြန်မာဆန်ဆန် ဆိုတော့ စစ်ပြီးမြန်မာနိုင်ငံရဲ့ အမှတ်သင်္ကတ တစ်ခုဆိုလည်မမှားဘူပေါ့။ )
      ကားပေါ်မှာ ဆိုင်းတွေ မင်သား၊ မင်သ္မီား  လုပ်မည်သူတွေ စုပေါင်ပြီး မြိုထဲ က သူဌေးအိမ်တွေ ဖိတ်ကြားထားတဲ့ အိမ်တွေရှေ့ မြေကွပ်လပ်မှာ ကားကြီးကိုရပ်ပြီး မင်သ္မီား၊ မင်သာတွေက ဇာက်အဝတ် အစားတွေနဲ့  နှစ်ပါးသွားတွေ တစ်ခန်ရပ်ဟာသလေးတွေ လုပ်ပြီး မြေကြီးပေါ်မှာ ဇာက်ထုတ်ခင်းပြီး ဆိုကြ ပြောကြရတာပါ။ တချို့ အိမ်က လျှပ်စစ်မီးထွန်းပြီး ကကြသလို လက်ဆွဲ အောက်လင်းမီးအိမ်ကြီးတွေ ထွန်းပြီး ကတာကိုလည်တွေခဲ့ဖူးတယ်လေ။


ဆက်ရန်၊

--
ရွှင်လန်ချမ်းမြေ့ပါစေ....
ခင်မင်ရင်းနှီးစွာဖြင့် ကိုသက်

တစ်ယောက်သော ချစ်တူမလေးသို့ by email

ကို သက်
08/06/2011

သမီး အတွက်

                     သမီးလေ ဘာမှအားမငယ်နဲ သမီးအတွက် ဘဘ တစ်ယောက်လုံး ရှိတယ်။
          သမီးကျောင်းပြန်တက်ပါ သမီးလိုအပ်တာ ဘဘ ရအောင်လုပ်ပေမယ်။ သမီးက စာတော်ပြီးသာ ဘဘ သိတယ် သမီဘွဲရတဲအထိ ဘဘ အာလုံး အဆင်ပြေအောင် လုပ်ပေမယ် သမီးသာ စာကိုဘဲ ကြိုးစာပါ မိသာစုထဲမှာ အားကိုးလောက်အောင် နေပါ သမီးနောက်မှာ မောင်လေးတွေ ညီမလေးတွေ အများကြီ ရှိသေးတယ် သူတို့ အတွက် သမီးမှာလုပ်စရာတွေ အများကြီးရှိသေးတယ်
ဘွဲတစ်ခုလောက်ရမှ သမီဘဝ လှမှာ ဖေကြီးနဲမေကြီး ကိုလည်သမီး ပြန်ပြီးကျေးဇူဆပ်ရာရောက်မှာ ဒါကြောင့် သမီလေးစာကိုဘဲ ကြိုးစာပါ အခုကျူရှင်တက်ဖို့ ပို့ လိုက်ပြီ သမီးသေချာစုံစမ်းပါ ဘယ်ဆရာ အသင်အပြ ကောင်းလဲ ပြီးရင် သူငယ်ချင်တွေကိုလည်း စုံစမ်းပါ မေးမြန်ပါ အန်တီ ဒါဒါကိုလည် မေးပါ  ဘဘ ဆီကိုစာရေပါ အီးမေလ် အမြဲပို့ ပေပါ သမီ အိမ်ကအကြေင်း ဖေကြီး မေကြီး တို့ အကြောင်းတွေ သမီရဲ့ ကျောင်းကအကြောင်းတွေ ရေးပါ  နောက် ကျောင်းစာတွေကိုလည်း ဘဘ ရှာပြီးပို့ လိုက်မယ် သမီး အချိန်မှန်မှန် စာကျတ်ပါ အိပ်ယာစောစောထပြီး စာကျတ်ပါ ညကို TV ကြည့်ရင်ခဏဘဲကြည်ပေါ့ ပြီးရင်စာကျတ်နော် သမီးက ဘဘ ရှိကတည်းက အစောကြီးထပြီးစာကျတ်တာ ဘဘ သိပြီးသား အခုလည်နည်းနည်းလေ ဂရုစိုက်ပြီး ထပ်ကြိုးစားလိုက်နော် အခုဆယ်တန်းမှို့ပါ  ဆယ်တန်အောင်ပြီးသွာရင် သမီး ဒီလောက် အစောကြီး မထ ရတော့ဘူး အဲဒီကျရင်သမီး လုပ်ချင်တာ လုပ်ပါ ဘဘ သမီးကို ယုံတယ် သမီးက လိမ္မာပြီးသာ........
         နောက်ပြီးသမီးလေး အိမ်မှာ စိတ်ညစ်စရာတွေရှိရင် ဘဘ ကိုပြောပြ ဘဘ ကူပြီးရှင်းပေမယ် ငွေရေးကြေးရေး ကိုလည်ဘဘကို သေခြာပြောပြ သမီလိုသလောက် ဘဘ ပို့ ပေမယ် ကျောင်းစာအတွက် ဘဘ အကုန်ပို့ ပေမယ် ဟုတ်ပြိနော် သမီးအာမငယ်နဲ သမီဖက်မှာ ဘဘ အမြဲရှိနေတယ်....
            သမီလည်း ကျောင်မှာရည်းစားမထားနဲ့အုံနော် သမီးက အရမ်းငယ်သေးတယ် ဆယ်တန်းအောင်ပြီးမှ ဒီကိစ္စတွေ စဉ်းစာပါ သမီရယ် ဘဘ က သမီးကို ဘွဲရပညာတက်တစ်ယောက် မြန်မြန် ဖြစ်စေချင်ပြီး သမီးကို ရုံးမှာ အလုပ်ထဲမှာ သူမျာတွေ လေးလေး စားစား ဆက်ဆံတာကိုဘဲ မြင်ချင်တာ ဒါကြောင့် စာကိုဘဲ အရင်ဆုံး ကြိုးစာပါ ဆယ်တန်းမအောင်ရင် ဘွဲမရရင်  သမီ အမေတွေ ကိုဘဲကြည် ဘယ်မှာ မှ အလုပ်အဆင်မပြေဘူး တွေလား ဘဘ တို့ မိသာစု က ပညာသိပ်မတက်ဘူး သမီလေးကိုဘဲ ထူးထူး ချွန်ချွန် ဖြစ်စေချင်တယ် ဒါကြောင့်ပါ
                သမီးဘွဲ ရမှ ဘဘ ပြန်လာမယ်  သမီးဘွဲယူတာကို ဖေကြီတို့ နဲ့ သမီအမေတို နဲ့ ပျော်ပျော်ကြီးတွေချင်တယ် မြင်ချင်တယ်   ပြီးရင် ဘဘ တို့ မိသာစုတွေအာလုံး ဘုရာဖူးထွက်ကြမယ်  ပျော်ပျော်ပါးပါး နောက် ဘဘ သူငယ်ချင်တွေကိုလည် ကြွားပစ်မယ် ဘဘ သမီးကတော်ကြောင်း လိမ္မာကြောင်း ...ဒီနေ့ တော့ ဘဘ ကအလုပ်ထဲမှာ မကြွားရဘူး သမီး စာမေးပွဲ မအောင်တော့  တိတ်တိတ် လေးနေရတယ် မပျော်ဘူးပေါ့ အလုပ်ထဲမှာလည် စိတ်မပါတော့ဘူးပေါ့ ဒါကြောင့် ဒီစာကို ရေးလိုက်တာ သမီး။။

ကဲ  ....သမီး နေကောင်းအောင်နေပါ   ကျမ္မာရေးဂရုစိုက်ပါ  ဖေကြီနဲ့ မေကြီကိုလည် ဂရုစိုက်ပါ  ကျန်တဲ့ မောင်လေတွေ ညီမလေးတွေကိုလည် ကြည်ရှူ့  စောက်ရှောက် ပါ ငှဲညှာ ပါသူတို့ ကိုလည် လိမ္မာအောင် သမီက သင်ပြပါ ပြောပြပါ  သမီးကလည်  သူတို့ လေးစားအောင်  အတုယူနိုင်အောင် ကြိုးစားပါ။   သမီးအတွက် မျက်နှာ မငယ်စေရအောင် ဘဘ လည်းကြိုးစားမယ် .......

 သမီး ကိုချစ်တဲ့
             ဘဘ
ခေတ္တ မလေးရှား

တစ်ယောက်သော ညီမတစ်ယောက်သို့ by Gtalk

ကျမလုပ်ရမဲ့ အလုပ်တခုစာပဲတာဝန်ယူရမှာဆိုတော့ ကျမစိတ်သက်သက်သာသာနဲ့ လုပ်နိုင်မယ်ထင်ပါတယ် မသိတော့ ဘူးကိုသက်ရေ စိတ်ညစ်တာပဲသိတယ်
Sent at 7:48 PM on Thursday
ကို: စိတ်ညစ်နေလို့ မပြီးဘူး ကျနော်တို့ ဘယ်လိုပူပေါင်ပြီး အဆင်ပြေအောင်လုပ်ရမလဲဆိုတာစဉ်းစာ;တာအကောင်းဆုံပါဘဲ
Sent at 9:35 PM on Thursday
ကို: ကျနော့အနေနဲ့ ဘယ်သူကိုမှအလုပ်မပြုတ်စေချင်ဘူး တစ်ယောက်ယောက်ကြောင့်အလုပ်ပြုတ်သွာရင် ကျနော်လည်စိတ်မကောင်းဘူး အဲဒါကပိုပြီး အရာအားလုံးထက် စိတ်မကောင်းစရာ စိတ်ညစ်စရာ ပဲဖြစ်မှာပါ တသက်လုံလည်းဒီအစွဲကြီး ကိုဖျောက်လိုရမှာမဟုတ်ဘူလေ။
Sent at 9:41 PM on Thursday
ကို: ကျနော်တို့ ဖြစ်စေချင်တာက အားလုံလုံ အတူတူ ယှဉ်တွဲပြီး အလုပ် လုပ်စေချင်တယ် သူလစာများလို့ ငါလစာများလို့ ဆိုတဲ့ အမြင်မျိုးမမြင်စေချင်ဘူး ဘာလိုလဲဆိုတော့ လူတော်တော်များများဟာ ---- လစာကို အရမ်းသိချင်ကြတယ် ဒါဘာကြောင်လဲဆိုတော့ ပြသာနာရဲ့ အခြေခံက အဲဒိက စတာဘဲ ရဲကြီးက သူဌေးဆီက လစာကိုလိမ်မယူပါဘူး အမြဲတောင်ဆိုနေတာ လည်မဟုတ်ပါဘူး သူဌေးကကြိုက်လိုပေးတာပါ ကျနော့ကလည် အမြဲတမ်းမတောင်းဆိုပါဘူး ကျနော်တောင်းဆိုလို့လဲ သူဌေးက သူကျေနပ်မှ သူပေးတာပါ ဥပမာ သန်မျိုးအောင်လစာဆိုရင်အားလုံထက်နည်းနေတာပဲ ကျနော်တောင်တာ ၂ခါရှိတယ်သူဌေးက အင်ကြည့်လိုက်မယ်ပဲပြောတယ် ဘာမှ ပြန်မလာဘူး သိန်ဇော်ပဲလစာတိုးသွားတယ် နောက်သူဌေးမနဲ့ပြောတယ် အကြောင်းမထူးဘူး ဒါဘာကြောင်လဲပြန်ကြည့်ပါ ရဲကြီလိုမျိုး နေရာစုံသုံလို့ရတဲ့လူ ရှိလား ဥပမာ သူဌေးအိမ်ကို ပစ္စည်သွားသယ်တာမျိုး၊ ခြံရှင်းပေးရတာမျိုး၊ ငါးဖမ်းပေးရတာမျိုး ညအိပ်ညနေသွာပေးရတာမျိုးရှိလား ဘယ်သူမှမရှိဘူး (ဒါလုပ်ငန်ခွင်နဲ့မဆိုင်တဲ့ကိစ္စတွေပါ) ကဲ အလုပ်ထဲမှာကော ကျနော်တို့ အရေးကြီရင်ကြီးသလို သုံးလိုရလာနေရာစုံမှာ ထောင့်စုံမှာ နောက်ဆုံးကုန်ကုန်ပြောမယ် နောက်ဖေးက အမှိုက်ပုံး ကျနော်သူကိုပဲ့ ဆေးခိုင်းခဲ့တာပဲလေ ဘယ်သူလုပ်လဲ သူဒုတိယ ခေါင်ဆောင်ပဲ ကျန်တဲ့လူခိုင်းမှာပေါ့ ကျန်တဲ့ လူတွေကို ကျနော်အမြဲတမ်း အမှိုက်ပုံးဆေးခိုင်ရင် သူတို့လုပ်မလား အောင်ဖြိုးမင်နဲ့ သန်မျိုးအောင်ဘဲ လုပ်မှာ မမီးမီးလုပ်မလား အောင်ထွန်ဖြူလုပ်မလား ရှမ်းလေးလုပ်မလား ဇော်ထွေးတို့  အောင်မျိုးတို့ ဆိုရင် ဝေးရော သူတို့ ဘာပြောမလဲ ဒါကျနော်ကျတို့ အလုပ်မဟုတ်ဘူး ကျနော်က ကိုက်ဖန်ပါ ကျနော်က ဒမ်ဆမ်းကပါ ကျမက အကြော်ရောင်နေတာကို ဆိုပြီး လုပ်မှာမဟုတ်ဘူး အဲဒီတော့ကျနောယ်တို့ က နေရာစုံကနေ ထောင့်မျိုးစုံကနေ ကြည့်စေချင်တယ် အခုဆိုရင် နောက်ဖေးက ရေစစ်တဲ့ ဇာကာက ဝက်စာခွက် ဖြစ်နေတယ် ဘယ်သူမှမဆေးကြဘူး ဆီးဖုက ခေါ်ပြီးဆေးခိုင်းရတယ် အဲဒိတော့ နီစပ်တဲသူဆိုလို ရဲကြီးပဲရှိတော့ ရဲကြီးနဲ့ သန်မျိုးအောင်ပဲ ဆေးရတယ် ဒါကျနော်မှတ်မိတာပြောတာပါ။
Sent at 10:13 PM on Thursday
ကို: နောက် အလုပ်ထဲမှာ အန်ကယ် ကိစ္စပါ အန်ကယ်ဘယ်အချိန်လာလဲ ဘယ်အချိန်ပြန်လဲ ကျနော်သိပါတယ် တိုင်းကပ် ကိစ္စ ကိုလည်ကျနော်နားလည်ပါတယ် အားလုံးအဆင်ပြေရင်ပြီတာဘဲဆိုပြီး ထားတာပါ။ ဒါပေမဲ့ တစ်ခါတလေ နောက်ကျတဲ့ သူ ၇ှိတဲ့ အခါကျတော့ သူတို့ က နီတယ် အမြဲနောက်ကျတဲ့သူကျတော့ မနီဘူး ဒါတချိန်ကျရင် မစန္ဒာ ကို သူများပြောစရာဖြစ်နေမယ်။ ကျနော့ကပ်ပြာက အမြဲနီနေတယ် ကွပ်လပ်တွေ အပြည်ပါဘဲ ကိုစီကိုမေးကြည်ပါ ဒီလတော့ တစ်ယောက်ယောက်ကို အမြဲကြည့်ပြီး ထိုးခိုင်းမယ် လိုတောင် စီစဉ်ထားရတယ် သူဌေးသိ၇င် ဖျက်မှာဆိုလိုပါ။
Sent at 10:25 PM on Thursday
ကို: ဆန်နီကျနော့ဆိုင်မှာ ပျက်တယ် အားလုံကို ပြောပြပြီး ပြင်ပေးတယ် အများသဘောတူ သူဌေးသိရင် ငါတစ်ယောက်ဘဲ အဆူခံမယ် သူအတွက်လုပ်ပေးလိုက်ပါ ဒါဟာ အလုပ်သဘောအရ လုပ်ပေးတာပါ သူဆီက ဘာမှမစားရဲ့တဲ့အပြင် ကိုယ်ကတောင် သူမိန်မ၂ယောက်ကိုပြန်ကူညီရမဲ့ အခြေအနေပါ။
Sent at 10:28 PM on Thursday
ကို: တချိုကိစ္စတွေကျရင် ကူညီပါ ဒါပေမဲ့ အများကိုလည်းမေးထား ပြောပြထားတာ အကောင်းဆုံပါပဲ။
Sent at 10:31 PM on Thursday
ကို: အန်ကယ်အဲဒိနေ့ က သူဌေးမပြန်သွားတဲ့အချိန် နောက်ဖေးကို သွာပြီးပြောတယ်ဆီးဖုကို ၂၀၀ ဖိုးလောက်ရှိတယ်ဆိုပြီး ကြားတဲ့လူက ကြားတယ် တွေတဲ့လူက လည်းတွေတယ် အဲဒိအချိန်မှာ ရဲကြီ မရှိလို့ပေါ့ သူ၇ှိရင် ရဲကြီးက ကိုသက်ကိုပြောပါတယ်ဆိုပြီး ထွက်လာအုံမယ်။ ဒါတောင်မစန္ဒာ ပူချိုန်း ကို လှမ်းပြောပြထားလို ချက်ချင်သိတာပါ နောက်ရက်မှ သူဌေးမက ပြောပြတယ် သူဌေးမပြောပြီးမှ ကျနော်မစန္ဒာ ကို မေးတာပါ။
Sent at 10:47 PM on Thursday
ကို: အန်ကယ်က ဘာကြောင်သူဌေးမ ယူသွားတာကို မကြိုက်တာလဲ သူပစ္စည်မဟုတ်ဘူး သူပြောစရာမလိုဘူးလေ နောက်သူက ဒီမှာ Leader မဟုတ်ဘူး နောက်မမီးမီးဘာလို့ အန်ကယ်ဖက်က ကာပြီးပြောတာလဲ (အန်ကယ်မပြောလောက်ပါဘူဆိုတာ)
မမီးမီနဲ အန်ကယ်နဲဘာလိုဒီလောက် ငမ်းတာလဲ
Sent at 10:52 PM on Thursday
ကို: မမီမီက အပြင်ကလူပါ ဒါကို သတိထားပါ မမီးမီး နားရက်ဘာကြောင့်ပြောင်းတာလဲ ကျနော်ရှိတုံကလည်း ပြောင်းတယ် အခု ကိုစီ လာတော့လည် ပြောင်းတယ်ဒါ တမျိုးဖြစ်နေတယ် အားလုံးကလည်း တမျိုးမြင်နေတယ် သူတပည်မကို စိတ်မချလို့  အတူတူနားတာလာလို့  မေးလာရင် မကောင်းဘူး
Sent at 11:03 PM on Thursday
ကို: နောက် ဟင်ချက်စရာတွေကိုအပြင်က ဝယ်လာစရာမလိုဘူလေ ဆိုင်မှာနောက်ဖေးက ဆီဖု ပေးတာကိုဘဲ ချက်ပါ သူမျာဝယ်ခြမ်းပေးတာ ကို မယူပါနဲ့ တစ်ခါတလေ အဲဒါ သူများအမြင်မှာလဒ်ထိုတယ်လိုပဲ မြင်မှာ ဒါပေမဲ စားတော့ အားလုံးဝိုင်းစာကြတယ်မဟုတ်လား ဖြစ်လာတော့ မစန္ဒာတစ်ယောက်တည်ကိုဘဲ အပစ်ပြောမှာ
Sent at 11:06 PM on Thursday
ကို: နောက် သတင်းစာဝယ်တဲ့ ကိစ္စ၊ ဖုန်ကပ်ဝယ်တဲကိစ္စ။ အခုချိန်မှာဘာမှ ပြသာနာမဖြစ်သေးဘူး နောင် ပြောလာလိမ်မယ် ဥပမာသတင်းစာဆိုင်အတွက်အရေးကြီတယ် သွားခိုင်ပါ။ အမျာနဲဆိုင်တဲ့ကိစ္စတွေ ကိုခိုင်းပါ အိမ်အတွက် မီတာဆောင်ဖို့ ရေဖိုးဆောင်ဖို့  ကျနော်မရှိတဲ့နောက်မှာ အာလုံးက မတူတော့ဘူး ကျနောရှိတုံးက ခိုင်တာရရင်ရမယ် အခု ကျတော့ စိတ်ဝမ်ကွဲပြာနေသလိုမျိုးဖြစ်နေတဲ့အတွက် တစ်ယောက်ကိုတစ်ယောက် အပစ်ပြောလာနိုင်တယ်
Sent at 11:16 PM on Thursday
ကို: နောက်ဆိုင်သိမ်းတဲ့ကိစ္စ ကျနော်တုံးကတော့ ကျနောဘာမှကိုမလုပ်ခဲ့ပါဘူး ဆိုင်သိမ်းမှ ခုံတွေ သိမ်မှ ခရမ်းသီထဲက အသားထုတ်မျိုး အချဉ်ရည်ထုတ်တာမျိုးဟာ ပင်ပန်းစွာသိမ်းနေရတဲ့ သူကို အားမနာရာကျတယ်လေ တကယ်လို လိုအပ်လာရင် ခုန်တွေသိမ်ပြီတဲ့အချိန် အားလုံအတူတူ လုပ်ကြည့်ပါ ဒါမှမဟုတ်မစန္ဒာ တစ်ယောက်တည်ဘဲ ခုန်မသိမ်ဘဲ ခရမ်းသီတွေ အချည်ရည်တွေ ထုတ်ရင်လည် ရပါတယ် မမီမီးကိုတော့ အခွင်အရေးမပေးပါနဲ့ အာလုံနဲ့အတူတူ ခုန်သိမ်ပေးခိုင်းပါ
Sent at 11:24 PM on Thursday
ကို: ပါတ်တိုင်ကိစ္စ ကိုလည်ကျနော့ ပြောချင်နေတာကြာပြီး မမီးမီး ကို နောက်ပါတ်တိုင်ကို ဆူရင်ဟောက်ရင် အလုပ်ထုတ်မယ်ပြောပါ သူမန်နေဂျာမဟုတ်ဘူး ဆူစရာမလိုဘူး ဟောက်စရာမလိုဘူး သူလည် သာမန် အလုပ်သမားတစ်ယောက်ပဲ ဒါကိုသူနာလည်အောင်တိုက်ရိုက်ပြောပါ တကယ်လိုမပြောရင် ကျနော် လာရင်သတိပေးပါ ကျနော်ပြောပါမယ်
Sent at 11:27 PM on Thursday
ကို: နောက်ဖေးက ရေခဲသေတ္တာ ကို မသုံပါနဲ့ သူဌေးသိရင် မကောင်းဘူး ဟင်ချက်စရာတွေကို ကိုယ်ဝယ်ပြီသိမ်းထာပေမဲ့ ဆီးဖု ကသူပစ္စည် ယူပါတယ်ဆိုရင် ဘယ်လိုလုပ်မလဲ ဘာနဲ့ရှင်းမလဲ အရင်တုံးက အောင်ဖြိုးမင်း ယူတာကျနော်သိပေမဲ့ မသိချင်ယောင်ဆောင်လို့ရတယ် အခု ကိုက်ဖန်ကလည်း ၇ှိနေပြီး နောက်ဆီးဖုနဲလည်အဆင်မပြေတဲ့အတွက် ဘာပစ္စည်မှ မယူတာအကောင်းဆုံဘဲ အပေါ်က gas အိုး ကိုလည်း တခြားနာမည်နဲ ဟာကိုဘဲ ဝယ်သုံပါ နာမည်တူနေရင် ထင်စရာဖြစ်နေမယ်
Sent at 11:38 PM on Thursday
အဓိက က strong ဖြစ်ဖို့ မဟုတ်ဘူး report ပို့ ဖို လည်မလိုဘူး အရာရာကို ပြန်ပြီးသုံးသပ်ပါ (အားလုံး)အားလုံးနဲ့တိုင်ပင်ပါ။
Sent at 12:16 AM on Friday
ကို: နောက် အောင်ထွန်ဖြူကိုလည်း စာများများဖတ်ခိုင်ပါ ပြင်ပ ဗဟုသုတ ကိုလည်းရှာပါ သူကကျနော့ကို ရိုသေလေစားတယ်ဆိုတာ ကျနောသိပေမဲ့ သူကို ဖြစ်စေချင်တာတွေ အများကြီး၇ှိသေးတယ် ကျနော်အားမရတာတွေ များတယ် နောက်လူများများနဲ့ ပေါင်းသင်းတက်အောင် သင်ပေးပါ။ ဒါဟာညီတစ်ယောက်ကို ဖြစ်စေချင်တဲ့ ဆန္ဒပါ။
ကို: ကဲ နောက်မှကျနော်လာမှ အာလုံးကိုပြောပ့ါမယ် ကျနော်တို့  မီတင်းလေးတစ်ခုလုပ်ပြီး ပွင်လင်စွာတိုင်ပင်ကြရင် အကောင်းဆုံးအဖြေထွက်လာမှာပါ။
Sent at 12:30 AM on Friday
ကို: ဆိုင်မှာရှိတဲ့ လူအားလုံနဲ့ တိုင်ပင်မှာပါ စည်ကမ်ချက်တွေကိုလည်း ပြင်ရမှာပေါ့ ကန်သက်ချက်တွေကိုလည်း တိုးသင်တာတိုးလျှော့သင်တာလျှော့ပေါ့။
Sent at 12:32 AM on Friday
ကို: အိမ်တစ်အိမ်မှာ ခေါင်လုံဖို့  လိုသလို အောက်ခြေ တိုင်တွေ၊ ယက်မတွေကလည်း ကောင်ဖို့ လိုတာပါဘဲ အိမ်ခေါင်ကြီး ဘယ်လောက် ကောင်းကောင်း ယက်မတွေ အောက်ခြေတိုင်တွေက ဆွေးနေရင် ခြစားနေရင် ဘယ်လောက်ဘဲ ထောက်တိုင်တွေ များများ ထောက်ထားလည် ဒီအိမ်မြန်မြန်ပြိုမှာဘဲ။ အဲဒိတော့ ကျနော်တို့ ခြမစားရအောင် ကြာကြာခံနိုင်ရည်ရှိအောင် ရေနံချီး အချိန်မှန်မှန်သုတ်ရလိမ်မယ် သစ်ကောင်း ဝါးကောင် တွေကို ရွေးပြီးတော့ သုံးရလိမ်မယ်။
Sent at 12:45 AM on Friday
ကို: ကဲဒါဘဲနော် ငိုမနေနဲ့တော့ စိတ်ညစ်မနေနဲ့ ဘဝမှာ ဒိထက် ဆိုးတဲ့ လူတွေအများကြီးရှိသေးတယ် မစန္ဒာ ဘေးမှာ အာပေးမဲ့သူ(အောင်ထွန်ဖြူတစ်ယောက်လုံး) ၇ှိတယ် ကျနော့မှာ ဘယ်သူမှမရှိဘူး ထမင်တောင် ကပ်ပုံး လာစားရမလိုဖြစ်နေတယ်။ အိမ်အတွက် တူမအတွက် ဆိုင်က ဒူမနာသားတွေ အတွက် ပါမစ်၊ သူဌေးမကြီး foundation အတွက်၊ hong kee kepong က ဓမ္မာရုံ အတွက်၊ အတွက်ပေါင်း များစွာနဲ.......

တစ်ယောက်သောညီသို့ ပြန်စာ by email

ကိုသက်
11/07/2011


စာပို့ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
ကျနော့ ဘဝမှာ မျှော်လင့်ချက်မဲ့ နေခဲ့တာ အခုချိန်ထိ မရှိသေးဘူလို့ ထင်ခဲ့တယ်။
နောက်ဘဝကိုလည်း မတွယ်တာ ခဲ့ပါဘူး အခုချိန်ထိ ဘယ်အရာကိုမှ တမ်းတစွဲလန်း
ခဲ့တာမရှိသေးပါဘူး။ နှစ်ပေါင်များစွာတွဲ ခဲ့တဲ့ ရည်စားကိုတောင်မှ
တစ်ခါတလေ မေ့နေတက်ပါတယ်။
ဒီလိုပြောလို ကျနောက ရွက်ကျပင် ပါလိုတော့ မထင်လိုက်ပါနဲ့ ရောက်ရာအရပ်မှာ
သူများထက် သာအောင်တော့ အနည်ဆုံးကြိုးစားတယ် ဒါကြောင့် ရောက်ရာအရပ်မှာ
ကျနော့နာမည် ကောင်းတော့ ကျန်ခဲ့တာများတယ်...တခြား လူတွေ အမြင်မှာတော့
ဆိုးချင်ဆိုးနေမှာပေါ့။
 ကျနော့မှာ ထွက်ပေါက် မရှိသလိုမျိုး ခံစာချက် တစ်ခါမှ မခံစားဖူးသေးဘူး။
မျှောလင့်ချက်ဆိုတာ ကျနော့အတွက် မနက်ဖြန်ဘဲ ဖြစ်မယ် ရေရှည်ကို အများကြီး
မမျှော်မှန်ထားဘူးလေ တကယ့်ကို  တိုတောင်းတဲ့ ဘဝလေးထဲမှာ ကျနော်တို့ ဟာပျော်ရွှင်မူ့ ချမ်းမြေ့သာယာမူ့  စတာတွေကို ကိုယ်တိုင်ရှာဖွေပြီး
ပျော်ရွှင်အောင် ကျင့်ကြံ နေထိုင်နိုင်ရင် စိတ်သောကဖြစ်စရာ၊ ဒုက္ခနွံထဲ
မြောနေစရာမလိုပါဘူး ရောင်ရဲတင်းတိမ်နိုင်ဖို့က အဓိကပါ။
 ဘယ်နေရာ မှာဘဲဖြစ်ဖြစ် စေတနာ၊ အနစ်နာ၊ ဝါသနာ ဟာ အရင်ခံပါတယ်
လူတိုင်းမှာစေတနာရှိပါတယ်၊ ဝါသနာလည်းရှိပါတယ်၊ အနစ်နာလည်း ခံတက်ကြပါတယ်၊
ဒါပေမဲ့ အဲဒိနာ၃နာကို နေရာမှန်မှန် အသုံးချတက်ရင် ပျော်ရွှင်တဲ့ ဘဝကို
ပိုင်ဆိုင်ကြမှာပါ။
 မျှော်လင့်ချက်နဲ့ အသက်ရှင်ပါဆိုတာ မှန်ပါတယ် ဒါပေမဲ့
အဲဒိမျှော်လင့်ချက်က ဘာလဲ ဘာကိုဦးတည်နေတာလဲဆိုတာ လည်သိထာဖို့ လိုပါတယ်။
  စိတ်ရဲ့ စေ့ဆော်မူ့၊ မြင်တွေကြားသိရမူ့၊ ထိတွေ ခံစားမှူ့ တွေကနေ
ပျော်ရွှင်ခြင် မပျော်ရွှင်ခြင်း စိတ်ချမ်းမြေ့ ခြင်း သာယာခြင်း မသာယာခြင်း
တွေကို ခံစားရတာပါ။
 အကောင်းဆုံးကတော့ ကိုယ့် (စိတ်၊ ကိုယ်၊ နှုတ်၊) ၃ပါးကြောင့် သူတပါး
မနစ်နာအောင် ပြုမူနေထိုင်ခြင်းဟာ လူသားတိုင်းရဲ့ တာဝန်ပါ။

                 ကိုသက် Damansara
                 12း43 AM (11.7.2011)

Win Oo- myanmar.shu khin myanmar sait yain

13 - myanmar.shu khin