ဇင်ယော်ငှက်
ဇင်ယော်ငှက် လေအဟုန်ကို ဝဲပျံ အဆန်မှာ သူရုန်း အစုန်မှာ သူငြမ့် ဒီသောင်ယံ တစ်ခါခို ဟိုသောင်ယံ တစ်ခါနား ပျံပေအုံးတော့ မိုးထက်အာကာ သွားပေအုံးတော့ မိရင်ခွင် ရာသီတစ်ခါလှည့် ကြုံရာသီ တစ်ခါစောင့်လို့ ငါ့ဆီပြန်လာဖို့ ရွှန်းစိုမျက်ဝန်း မော့ကာမျှော်မိ အာကာမိုးမြင့်။။။။။
Sunday, July 1, 2012
ဧရာဝတီ ဘဝ
ဧရာဝတီ ဘဝ
by ကို သက် on Sunday, April 24, 2011 at 11:38pm ·
   အစဘ၀ သူ့နှင်းမှုန် သူ့နှင်းပန်း
သူချမ်းအေးလို့ စီးသူရေကြည်။
တောင်တန်းကိုဖြတ် ရွှေမှော်ကိုကျော်၊
ကျဉ်းမြှောင်းခရီး ကွေ့ကာစီး၊
သူ့ရေနောက်စသူ့ဘ၀။
မြေပြန့်ရောက်စ ရွှေအင်းဝ ၊
ဝှေ့ကာလှည့်ကာ သူအလှ ၊
အသုံးတော်ခံရ သူ့ဘ၀။
ဘုရားစုံဖူး အစုန်ဆင်းလို့
ဆံတော်ရွှေပြည် ဦးခိုက်နောက်ဆုံး။
ရွှေညာလက်ဆောင် သယ်ကာပိုးလို့ 
ပေးကားမျှဝေ ရန်ကုန် ပန်းလှိုင် ကျွန်းဝမြေမှာ
အလှလည်းဆုံး ဘ၀ဆုံ့း၊
ရေကြည်လည်းနောက် ခြေရာပျောက်မို့
ဒီမြေ ဒီရေ၊ ဒီတောမှာ ၊
မြစ်မင်းဧရာ ဘယ်မှာရှာတွေ့ ရှိတော့မည့်။ ။
KONICA MINOLTA DIGITAL CAMERA
စစ်တွေကမြစ်ပါ
KONICA MINOLTA DIGITAL CAMERA
  • You, Saw Daniel and Soe Thet like this.
    • ကို သက် ဒီကဗျာလေးက ကိုတိုနီ ဆီကဓါတ်ပုံကနေ စိတ်ကူးရတာပါ။ စာလုံပေါင်းကိုတော့ အာဒမ်လေးက ပြင်ပေးတာပါဗျာ အားလုံးကို ကျေးဇူးတင်ပါတယ်။ ခံစားကြည်ပါ ဝေဖန်ပေးပါ။
    • ရဲကြိးလား
    • သူတွေ များနေသလိုပဲ
    • Soe Thet လူတကာကိုကယ်တင်နေတဲ့ ကယ်တင်ရှင်ကြီး ကိုသက်လိုပဲထင်တယ်
    • ကို သက် ဟာဗျာ
    • Soe Thet ကိုသက်က ဧရာဝတီမြစ်ကြီးထက် ကုသိုလ်အများကြီးရပါတယ်ဗျာ
    • Minn Chan ကျွန်တော်က သံလွင်မြစ် အနီအနားက ကြီးလာတော့ မြစ်တွေကိုကြည့်ပြီး ခံစားလို့ရပါတယ်။ ဧရာဝတီမြစ် ဆိုတာကိုလည်း မန်းလေး သွားလည်မှ အပြင်မှာ တွေ့ဖူးတာ ... မြန်မာနိုင်ငံရဲ့ အသက်သွေးကြော တခု ပေါ့ဗျာ .
အဖေ သို့ မဟုတ် ချစ်စွာသော အဖေ
အဖေ သို့ မဟုတ် ချစ်စွာသော အဖေ
by ကို သက် on Sunday, June 19, 2011 at 3:19am ·
"အဖေ သို့ မဟုတ် ချစ်စွာသော အဖေ"
             ကျနော်တို့  ငယ်ငယ်တုံကပေါ့....
             အဖေက သူမြို့ ထဲ သွာရမဲ့ နေတွေမှာ ကျနော်တို့  ညီအကို နှစ်ယောက်ကို ဆိုင်ကိုစောစောလာဖို့  မှာတက်သလို တနင်္ဂနွေ လို ဈေးပိတ်ရက် တွေမှာ အဖေကကျနော်တို့ ညီအကိုနှစ်ယောက်ကို တဖက်စီဆွဲပြီး  မြို့ထဲက သမ္မတရုံ ၊ ပပဝင်း ၊ ဂုဏ် ၊ ဘုရင့်ရုံ၊ ရဲရင့်၊ ...စတဲ့ ရုံတွေက နာမည်ကြီး စူပါမန်းကား ၊ ငမန်ကား ၊ ဒီလုံ ဒေဗစ်ချမ်း လက်တစ်ဖက်ပျတ် ကားတွေ ဂျမ်းစဘွန်း ကားတွေ ဒုတိယကမ္ဘာစစ်ကဂျာမန်စစ်ကားတွေ ကို တစ်ပါတ်တစ်ခါ မရိုးရအောင် လိုက်ပြခဲ့တယ်။  အဲဒိအချိန်တုံက ရှေ့ဆောင်ရုံက ဗမာကားဘဲပြတယ်လေ။
                အဲဒိတုံးက ရုပ်ရှင်ရုံတွေက လက်မှတ် တန်စီပြီးဝယ်ရတာ တစ်ခါတလေ တစ်နာရီ နှစ်နာ၇ီ လောက် ကြာအောင် တန်းစီးပြီး ဝယ်တာတောင် လက်မှတ်က မရတက်ဘူးလေ  မှောင်ခိုခေတ်ဆိုတော့ ဒီလိုပါဘဲ အဖေရဲ့ ကျေးဇူးကြောင့် ကျနော်တို့  ငယ်ငယ် ရွယ်ရွယ်နဲ့  ဒီလို ရုပ်ရှင်ကားတွေကို ကြည့်ခဲ့၇တာပါ  တစ်ခါတလေ လက်မှတ်ပေါက်ဝနား ရောက်ခါနီးမှ ကုန်သွားပြီဆိုပြီး သံတိုင် ကြားထဲ ကနေ ပြန်ထွက် ခဲ့ရသလို  မထူးပါဘူးနောက်ပွဲ အတွက် ဆက်ပြီး တန်းစီ ကြည်ခဲ့ရသလို လက်မှတ် ဝယ်ရမဲ့ အပေါက်ဝမှာလည်း ရဲတွေ စောင့်နေပေမဲ့ ကြားဖြတ်တဲ့သူကတော့  ရှိနေတာ ဘဲလေ။              
                   သမ္မတ နဲ ပပဝင်း ရုံက အဲဒိအချိန်တုံက မိနစ် ၂၀ လား ဆယ်ငါးမိနစ်ခြား လာ မမှတ်မိတော့ဘူး ခြားပြီး ရှပ်ရှင်ပြသတဲ့အတွက် ပပဝင်ရုံ မှာ လက်မှတ် မရရင် သမ္မတ ကို သားဖသုံးယောက် အဖေက သားနှစ်ယောက်ကို လက်တဖက်စီဆွဲပြီး ကားလမ်းကူးကာ မီရထားရုံးကြီးဖေးကနေ သံဘောင် ဗျက်ကြီးကြီနဲ့ သံတံတားကြီး ကို သာအဖတွေ အမြန်လျှောက် လေ့ကျင်ခန် လုပ်သလို တန်းစီပြီး သွာခဲ့ရတာကိုလည် မှတ်မိသေးတယ်။ အဲဒိ အချိန်တုံက သမ္မတ နဲ့ ပပဝင် ရုံတွေက အကောင်းဆုံရုံ တွေဘဲလေ.....
                    အဖေက ရုံထဲရောက်ရင် ကျနော်တို့ ကို ဆိတ်သာခြောက် နီနီရဲရဲ အချောင်းသေးသေး လေးတွေကို နှီးသေးသေးလေးနဲ့ ချီထာတဲ့ အစည်းသေးသေးလေးတစ်ယောက်တစ်စည် ဝယ်ကျွေးတယ် ပြီးရင် အဲဒါ မင်းတို့ စားတာ ခွေးသားတွေကွလို ခဏခဏ နောက်တက်တယ် အဲဒိတုံးက ဆိုးဆေး တွေ ဘာတွေ နားမလည် ဘူးလေ စားလို့  ကောင်းတာဘဲ သိတယ် ရုံထဲရောက်ရင်လည်း နေကြာစိအခွံ ကို သွားနဲ ကိုက်ခွဲတဲ့ အသံ ဖောက်ဖောက် ဆိုတဲ့အသံတွေ ဆူညံ နေအောင် ကြားရတယ်။
               ရုပ်ရှင် ပြတော့မယ်ဆိုရင် စိန်ကုလားဆိုင်ဝိုင်းရဲ့ ဆိုင်းတီးလုံနဲ့ ရွှေရောင် ကန်လန်းကာကြီး က တရွေရွေ တက်သွာတာက တကယ်ကိုကြည်နှူးစရာပါ။ အဲဒိတီးလုံကို အခု ဘယ်မှာမှ ပြန်ရှာလို့ မရတော့ပါဘူး ။
               နောက် ပထမဦးဆုံ နိုင်ငံတော့သီချင်း ဖွင်လိုက်တဲ့အချိန်မှာ ထိုင်နေတဲ့လူအားလုံ မက်တပ်ရပ်လိုက်တော့ ထိုင်ခုံ ဆိုဖာတွေဟာ အပေါ်ကို ပြန်ပြီး ခေါက်သွာတဲ့အသံတွေကလည်း ဆူညံပြီးမှ နိုင်ငံတော် သီချင်းကို ကြား ရတာပါ ကျနော်က တော့ ခလေးဆိုတော့ ထိုင်ခုံပေါ်ကနေမက်တပ်ရပ်ပြီး အလေးပြုရတော ကျနော့ထိုင်ခုံက အသံမမြည်ဘူလေး။  တခါတလေ မမြင်ရလို့  ထိုင်ခုံ လက်တန်ပေါ်ကို တပ်ထိုင်ပြီး ကြည်ခဲ့ရဖူးတယ်လေ အနောက်က လူကြီးတွေ ပြောမှ ပြန်ဆင်းထိုင်တက်တဲ့ ကျနော်ပါ။
            အလေးပြုပြီးတာနဲ့ ဗဟိုသတင်ကား ဆိုပြီးလာပါတယ် နိုင်ငံတော်ရဲ့ ကောင်းကြောင်လေးတွေကို ထုတ်နှုတ်တင်ပြတဲ့ ပေါ်လစီထွေလာပါ အမြဲတမ်းမိုးရွာနေသလို ပါဘဲ အစင်းကြောင်တွေ အများကြီနဲ့ ခေါက်ထီမဲမဲ ကြီးမိုးထာပြီး လမ်းလျှောက် နေတာ ကိုတော့  မရိုးနိုင်အောင် အလွတ်ရနေတာပါ။ အဲဒိ အချိန်မှာ မသိလိုအဖေကိုမေးရင် အဖေက သား ရုပ်ရှင်ကြည့်မှာလား စစ်ကြောရေးလုပ်မှာလားလို ဆိုပြီး  မုန်ကိုဘဲအတင်းစားခိုင်းတဲ့အဖေပါ ။              
                     စားသောက်ပြီတော့  ဆူလေဘုရား လမ်းအတိုင် ဗန္ဓုလ ပန်ခြံ အထိ လမ်းလျှော့က် ပြီး ပန်ခြံဘေးက အရင်တုံးကတော့     ( ကပရ )ပေါ့(ကုန်လမ်းပို့ ဆောင်ရေး) ကဆွဲတဲ့ BM ဟီးနိုးကားတွေရပ် တဲ့ အင်စိန်ကားဂိတ်ပါ အဲဒိမှာ ကားစီးပြီးပြန်ရတော့ လမ်းမှာ အိပ်ငိုက်လို့ အရမ်း ကောင်တယ် ရုပ်ရှင်ရုံ ပြန်အထွက် ခေါင်မှူးတယ်ပြီးတော့ မင်္ဂလာကဖီးမှာ မုန်စားတော့ ဗိုက်ပြည်ပြီး မျက်စိက လေးလာတာနဲ့ ဟီးနိုးကာရဲ ဆူညံလှတဲ့ အင်ဂျင်သံ မီးခိုတွေမွန်ထူးနေတဲ့ ကားထဲက ထိုင်ခုံ သစ်သားပြား ပေါ်မှာထိုင်ပြီး အဖေ့လက်မောင်းပေါ် ငိုက်ရတာလောက် ဖိမ် ရှိတာ ရှာမတွေတော့ပါဘူး တစ်ခါတလေ အဖေက အကိုအတွက် ကာခပေးပြီး ကျနော့ကို ခလေးဆိုပြီး ပေါင် ပေါ်တင် ထိုင်ခိုင်းပြီး တလမ်းလုံး အဖေ့ပေါင်ပေါ်မှာ ဖိမ်ကျခဲ့တာပါ။
                    ကားက အင်စိန်ရောက်တော့လည်း အိမ်နဲ့ ဝေးသေးတယ်လေ ဂိတ်ဆုံးတာက ဟီးနီုးဂိတ်လိုခေါ်တဲ့ မီးရထားသံလမ်းဘေး မှာ ဂိတ်ဆုံးတာဆိုတော့ မီးရထားသံလမ်းကို ဖြတ်ကျော်ပြီး အင်စိန်ဈေးကို  လမ်းလှေုာက်ရသေးတယ် တစ်ခါတလေ ဈေးမရောက်ခင်မှာ လေဟာပြင်ဈေးဆိုတာ ရှိတယ် အဲဒိ အထဲ ကို သားအဖတွေ ဝင်ပြီး အမေ့ သူငယ်ချင်ဖွင်တဲ့ ခေါက်ဆွဲကြော် ဆိုင်မှာ( အင်စိန်မှာတော့ နာမည်ကြီပေါ့) အမေ့ အတွက် ခေါက်ဆွဲကြော် မှာတယ်။ 
                  ဆီစိမ်စက္ကုကို သတင်းစာပေါ် တင်ပြီး ခေါက်ဆွဲကြော်ပူပူကြီးကို သတင်းစာနဲ လှလှလေးထုတ် နှီးကြိုး ပြားကြီးကြီးကို လေးဖက်ချီပြီး လက်နဲ ဆွဲသွာလိုရအောင်  ထုတ်ထားတဲ့ (တချိန်တုံက ပါဆယ်ဆိုရင် အဲလိုထုတ်တာပါ)   အထုတ်ကို လက်ကဖက်ကဆွဲပြီး အကို့ ကို  ကျန်တဖက်ကဆွဲ ကျနော့ကို ပုခုံးပေါ် ကိုထမ်းပြီး ဘယ်တော့မှ မီးမလင်တဲ့ အင်စိန်ဈေးဖေးက ညစ်ပါတ်ပြီး နံဆော်နေတ အင်စိန်ဈေးလမ်းကို လျှောက်ပြီး အိမ်ကိုပြန် ရတာပါ တစ်ခါတလေ ဈေးနောက်မှာရှိတဲ့  စားဖျော် ကအစိုးရအရက်ဆိုင်  BE ကို ခွတ်ချိန်နဲ့ ရောင်တဲ့ ဆိုင်က အရက်သမား တွေလည် လမ်းဖေးက အရက်ပုံးဆိုင်မှာ မီးခွက် မှိန်မှိန်လေးတွေနဲ ထိုင်သောက်နေတာကို လည်း မှတ်မိ နေသေးတယ်  မနက်မိုးလင်ရင်တော့ ဘာအရက်ပုံးဆိုင်မှ မရှိတော့ဘူး။ 
                  အိမ်ရောက်တော့ အဖေလည်မောနေပြီး ကျနော်ကို အမေကပွေချီပြီး အိပ်ယာမှာသိပ်တယ် အကို ကတော့အဖေနဲ့ အတူတူ ရေချိုးတယ်  ကျနော်က တလမ်းလုံ အိပ်ပျော်လိုက် နိုးလိုက် ဆိုတော့  ပြီးတော့အဖေက သူပုခုံးပေါ်တင်ပြီး လမ်းလျှောက်တော့  အဖေ့ဆံပင်တိုတို ကို ကျနော့လက် သေးသေးလေနဲ့  မမိတမိ ဆွဲပြီး ပုခုံပေါ် ကနေပြုတ်မကျအောင် ထိုင်ရတော့ အိပ်လိုမရတော့ဘူလေ နောက် လမ်လျှောက်တော့ ကိုယ်က အမြင်ကနေ သွားနေရတော့ စိုးရိမ်ပြီးလိုက်ရတာဆိုတော့ အိပ်လိုမရဘူး ပြီးတော့ ခေါက်ဆွဲကြော်က လည်းမွေးနေတာဆိုတော့ အဖေတို့ နဲ့ ရေချိုးပြီး အတူတူစားချင်တာပေါ့ ဒါနဲ့ အမေက ရေချိုးပေးပြီး အဖေတို့ နဲ့ ထမင်းစား စာပွဲပေါ်မှာဘဲ ခေါက်ဆွဲစားရင်း ခေါင်ချပြီးအိပ်ပျော်သွာတက်တဲ့ ကျနော်ပါ။ 
ကျနော်တို့  နည်နည်ကြီလာတဲ့အချိန်ကျတော့ ....
     အဖေနဲအမေက အင်စိန်ဈေးကြီး ထဲမှာ ရွှေဆိုင်နဲ့ ရွှေပန်းတိမ် တွဲပြီး ဖွင်ထာတာပါ အမေက ဆုင်ထိုင် အဖေက ပန်းတိမ် လုပ်ပေါ့ ကျနော်တို့  ညီအကိုနှစ်ယောက် ရယ် ကျနော့ အောက်က ညီမ သုံးယောက် စုစုပေါင်း မိသားစု့ ခုနှစ်ယောက်ရှိတယ် အရမ်းအေးချမ်းပြီး သာယာတဲ့ မိသားစုလေးပါ အမေ ဟာ အဖေ့ကို သူမတူအောင် ချစ်တက်သလို ကျနော်တို့  မောင်နှမတွေ ကိုလည်း တကယ်ကို မိခင်ကောင်းပီသ စွာ ပြုစုဆောက်ရှောက် လာခဲ့တယ်လေ.......
                ကျနော်တို့ မိသားစုဟာ ညစာကို အမေနဲအဖေ ဆိုင်သိမ်းပြီး ပြန်လာတဲ့ အချိန်ကျမှ ချက်ပြုတ် ကြတာပါ မောင်နှမတွေလည် ကျောင်းက အာလုံပြန်ရောက် လာပြီးလေ အဖေက ဆိုင်ကပြန်လာရင် သူ့ သူငယ်ချင်တွေနဲ့ ဘောလုံးသွားကန်တယ် ခြင်းခတ်တယ် အဲဒိအချိန်မှာ အကို က ရေတုံကင်က ရေငင်ပေးထာတယ် ကျနော်တို့ မိသားစုအာလုံရေချိုးဖို့ ၊  ကျနော်ကတော့ အိမ်ကိုရှင်လင်းသိမ်းဆည်းရတဲ့သူပေါ့ ၊ပေါ့  အမေနဲ့ အတူတူ ညီမတွေက ဟင်းဝိုင်းချက် ကြတာပေါ့  အမေက ချွေးသံတရွဲရွဲ နဲ ချက်ပြုတ် ကျနော်တို့ မောင်နှမတွေကလည် ကြတ်သွန်လှီးတဲ့ သူက လှီး ငရုပ်သီး ထောင်တဲ့သူက ထောင်းပေါ့ အမေက ကျနော်တို့ မောင်နှမတွေရဲ့ မတူညီတဲ့ အကြိုက် တွေကို စုပေါင်းပြီး အာလုံ အတူတူ စားနိုင်ဖို့ အတွက် ရွေးချယ်ပြီး ချက်ပြုတ်တက်တဲ့ အမေပါ  အဖေ က ဘောလုံကန်ပြီးပြန်လာရင် ခြံထဲမှာ အပင်တွေ ပြင်ပြီးရေမိုချိုးပြီးမိသားစု ထမင်းစားကြတယ် ။
                   ကျနော်တို့ မိသားစုက ၇ ယောက်ဆိုတော့ စုပေါင်ထိုင်စားဖို့  လှည်ကူးက အဖိုးက စာပွဲဝိုင်းကြီးကြီးတစ်လုံး လုပ်ပြီး ပို့ ပေး ထားတယ် ကျနော်တို့ မောင်နှမ တွေစုပေါင်းထိုင်စားဖို့ အတူတူ တဝိုင်းတည်း စားဖို့ ပါ အဖေကိုယ်တိုင်ကလည်း ညစာကို မိသားစု စုံမှ ဝိုင်ဖွဲပြီး စားဖို့ ပြောထားတယ်   ကျနော်တို့  ကလည်း ကြက်သားဟင်း တို့  ငါဟင်းတို့ ဆိုရင် ထမင်း ပိုတယ် ပဲကုလာဟင်း သီးစုံပဲကုလာဟင်း ပဲကတ္တီပါ ကြော်  နဲ ငပိရည်းကောင်းကောင်း ဆိုရင် ထမင်းမလောက်တော့ဘူး အဖေက လည်း  ထမင်းစားချိန်မှာ  လူစုံ မှ စားတာ ဒါကြောင့် ကျနော်တို့ ရဲ့ မိသားစု ညစာ စားပွဲဟာ အဖေ အမေ တို့ ရဲ့ ကောင်မြတ်တဲ့ အတွေ အမြင်တွေ နဲ့ မိသားစုရဲ့ နွေထွေးတဲ့ အရသာကို အပြည်အဝပေးစွမ်းနိုင်တဲ့ အဖေ့ရဲ့ ချစ်ချင်မေတ္တာ တစိတ် တပိုင် အား သတိတရ နဲ့ အဝေးတနေရာ ကနေ  အဖေ့  ရဲ့ မေတ္တာ တွေကို တမ်းတစွာ မှတ်တမ်းတင် လိုက်ပါသည်။
ဥမကွဲသိုက်မပျက်
အဝေးရောက်သူတစ်ယောက်
· · · Share · Delete
  • Kyaw Swar likes this.
    • ကို သက် ကျေးဇူတင်ပါတယ်ညီ။
    • Kyaw Swar သတင်းစာနဲ ထုတ်ထာတဲ့ ခေါက်ဆွဲကြော် မမြင်ဖူးဘူး အကို ကျနော်တို့ က ကြွတ်ကြွတ်အိပ်နဲ့ ထည်ထားတဲ့ ခေါက်ဆွဲကြော် ဘဲစားဖူးတာလေ။
အချစ် နှင့် အခြစ်
အချစ် နှင့် အခြစ်
by ကို သက် on Tuesday, September 13, 2011 at 11:29pm ·
အချစ်ဆိုတာ ချည်နှောင်ရစ်ပါတ် နှောင်ဖွဲတက်တဲ့ သံယောဇဉ်တွေဆို အခုတော့ ဒီသံယောဇဉ်ကို အလွယ်တကူ ဖြတ်လို့ရတက်လား ဒါအချစ်လား၊ ဒီထက်ပိုချစ်ရမဲ့ သူကိုတွေသွားတယ် ဆိုရင်လည်း အရင်က အချစ်က အချစ်စစ်မဟုတ်လို့ပေါ့၊ စိတ်ကုန်သွားတယ်ဆိုရအောင် အချစ်ကို အစောကတည်းက နားလည်မှူ့ မရှိလို့ပေါ့၊ ဘယ်လိုမှခံစားလို့ မရတော့ဘူးဆိုတာ အချစ်ဟောင်းကို နားလည် မပေးနိုင် လို့ပေါ့၊ အချစ်ဆိုတာ စာရွက်တစ်ရွက်ပေါ်မှာ ရေးချင်သလိုရေး ခြစ်ချင်သလိုခြစ် ပြီးမှ ရေးစရာမရှိမှ ခြစ်စရာနေရာမရှိတော့မှ ဘာမှသုံးလို့မရတော့မှ လုံးခြေပြီး မြောင်းထဲကိုပစ်ချထားခဲ့ လိုရတဲ့ ရတဲ့အရာမှမဟုတ်တာ.............